< Back

People I'll Probably Never Meet Again

Written on ·

The small tunnel

ဒဂုံ ၁ မှာ သူငယ်တန်းတက်တုန်းက အိမ်ကသုဝဏ္ဏမှာဆိုတော့ ကျောင်းကားနဲ့ သွားရတယ် ကျောင်းကားမောင်းတဲ့ဦးလေးကြီး နာမည်က ဘဗိုလ် တဲ့။ ကျတော်က ခေါင်းခန်းကထိုင်စီးနေကျဆိုတော့ ဘဗိုလ်နဲ့ခင်သွားရော။

သူက ငယ်ငယ်ထဲကကျနော့်ကို အစ္စရေးအကြောင်းတွေ၊ ဘယ်နေရာမှာ ဘာတွေ ဖြစ်နေပြီဆိုတဲ့အကြောင်းတွေ
အမြဲရှယ်လေ့ရှိတယ်ဗျ။ ဘဗိုလ်က ကျောင်းကားသာမောင်းတာ သားတွေက US မှာ ဆိုတော့ ဗဟုသုတတော်တော်ရှိမှန်း အသက်အရွယ်ရလာမှ တွေးမိတယ် ငယ်တုန်းကတော့ စကားပြောဖော်ကြီးပေါ့ဗျာ နောက်ပြီး ဘဗိုလ်နဲ့ကျတော့် အိမ်ကလဲ တော်တော်လေးခင်တော့ တစ်ခါတစ်လေ လာလည်လေ့ရှိတယ်။
ကျတော် နောက်ဆုံးက သူနဲ့တွေ့ခဲ့တာ မရှိဘူးဆို ၁၀ နှစ် လောက်ရှိရောပေါ့။

· · ·

မကြီးရှင်းသန့် ကျတော်တကယ်တော့ နာမည်တောင်သေချာမမှတ်မိတော့ဘူး စိတ်ထဲမှတ်မိတာချရေးလိုက်တာ။ သူကကြ ကျနော်ဘဗိုလ်နဲ့ ကားခေါင်းခန်းမှာစီးတုန်းက သူလဲခေါင်းခန်းမှာစီးတဲ့အစ်မကြီးပေါ့။ ကျတော် သူငယ်တန်း၊ တစ်တန်း လောက်တုန်းကဆိုရင် သူက ၈ တန်းလောက် ရှိနေပြီ။ မကြီးရှင်းသန့်ကိုကျ ကျနော့်ကိုအာလူးကြော်တွေ အမြဲဝယ်ကျွေး၊ ပြီးတော့ကျတော်ကလေးဆိုတော့ စလို့ မှတ်မိနေတာဗျ။

· · ·

ကျတော် ၉ တန်းရောက်တော့ ဒဂုံ ၁ ကသွားရတာကားပိတ်တယ်၊ ပြီးတော့အိမ်နဲ့ဝေးတော့ သုဝဏ္ဏကျောင်း ပြောင်းလိုက်တယ်ဗျ။ စာလုပ်ချိန်လဲ ပိုထွက်အောင် လို့ပေါ့လေ (တကယ်တော့ မထွက်ခဲ့ပါ)။

အဲ့မှာ ၁၀ တန်းရောက်တော့ ကျတော် ဆရာမျိုးကျူရှင် မှာအရမ်းပေါင်း ဖြစ်သွားတဲ့ သူငယ်ချင်းတွေရှိတယ်။ အဲ့ထဲက သူငယ်ချင်းတစ်ယောက်က ခုထိအဆက်အသွယ်ရှိပေမယ့် ကျန်တဲ့သူတွေကတော့ ဒီတိုင်းအချိန်ကြောင့်ဘဲ ဝေးကွာ သွားတယ်ပေါ့ဗျာ။
သူတို့နဲ့ကျတော့ ကျောင်းဆင်းရင်အုပ်လိုက်ကြီး စက်ဘီးစီးပြီး ကျနော့်အိမ်ကို ပြန်လိုက်ပို့ပေးတာကို
ကျနော်ခုထိအမှတ်ရ နေတုန်းပဲဗျ။

· · ·

နောက်တစ်ခုကကျ ကျတော် ဘန်ကောက်ရောက်ခါစက ကျနော့်ကိုအများကြီးကူညီပေး၊ သူ့ဆိုင်ကယ်တစ်စီးနဲ့ နေရာတွေလိုက်ပို့ပေးခဲ့တဲ့ ထိုင်းမလေးဗျ။ သူ့နာမည်က အာရီယာ တဲ့။ ဒုတိယနှစ် လောက်ကြတော့ ကျနော်လဲစာတွေ ခက်လာတာရော အလုပ်တချို့တွေရလာတာရောနဲ့ မတွေ့ဖြစ်တော့ဘူးပေါ့ဗျာ။
သူနဲ့ ပြန်တွေ့တဲ့တစ်နေ့လဲ ပြောစရာစကားကုန်မယ်မထင်ဘူး။

· · ·

နောက်ဆုံးကတော့ ကျတော် ဗီယက်နမ်၊ဒါနန်း ကိုသွားလည်တုန်းက လိုက်ပို့ပေးမယ့် သူငယ်ချင်းကအလုပ်ရှိတော့ တစ်ချို့နေတွေ ကျတော် တစ်ယောက်ထဲ လျှောက်လည်ဖြစ်တယ်ဗျ။ အဲ့မှာကျနော် Lady Buddha သွားတာ အပြန်ကျတော့ ဆိုင်ကယ်ကယ်ရီတွေနားမှာ အအေးလေးသောက်ပြီး ခဏနားနေတုန်း ကယ်ရီသမားတစ်ယောက်က ကျနော့်ကို ဈေးမတန်တဆနဲ့ ပြန်မယ့်နေရာကို သူ့ဘက်ကစ offer ပါလေရော၊ ကျနော်လဲ Grab App ဖွင့်ပြီးတော့ ဈေးအစစ်ကိုပြန်ပြတော့မှ သူ့ဘက်ကလဲ ဟီးဟီး တက်တက်ပေါ့ဆိုပြီးအဆင်ပြေသွားတယ်။ အဲ့မှာ လမ်းအစမှာ မင်းတောင်ပေါ် ပတ်ကြည့်ချင်လား ပတ်မယ်ဆိုဈေးဘယ်လောက်ဆိုပြီး တော်တော်လေး fair ဖြစ်တဲ့ ဈေးဆိုတော့ ကျနော်လဲလက်ခံလိုက်တယ်ပေါ့။ သူက ဓာတ်ပုံတွေရှယ်ရိုက်ပေးတာဗျ သူ့ကြောင့်သာမဟုတ်ရင် ကျနော်ကိုယ့်ပါကိုယ်တောင် သိပ်ရိုက်မိမှာမဟုတ်ဘူး။ သူ့နဲ့လဲ တော်တော်ခင်သွားသေးတယ် နောက်တစ်ခါ လာလည်ရင်တွေ့မယ် ဘာညာနဲ့ပြောခဲ့သေးတယ်။
ဘယ်တော့ပြန်ရောက်မလဲ မသိ...

· · ·

ရယ်တော့ရယ်ရတယ်။ တကယ်တန်း ဒီလူအားလုံးနဲ့ ဆုံခဲ့တုန်းကတော့ အကုန်လုံးကပုံမှန် random ပဲဗျ။ တွေ့တယ်၊ ဆုံတယ်၊ စကားလေး ဘာလေးပြောတယ်၊ အလုပ်လေး ဘာလေး လုပ်တယ်။ တချို့လူတွေနဲ့ဆို ကိုယ်ဒီလူနဲ့ ဘယ်အချိန်နောက်ဆုံး တွေ့ဖြစ်သွားမလဲတောင်မသိခဲ့ဘူး။

နောက်မှ သေချာပြန်စဉ်းစားကြည့်တော့မှပဲ Age Like A Fine Wine လိုမျိုး၊ အချိန်ကြာလေလေ ကိုယ့်အမှတ်တရထဲမှာ ပိုတန်ဖိုးရှိလာတဲ့ လူတွေဖြစ်နေခဲ့တာပဲ။